VOIP

VOIP
Hacking Gadget World

понедельник, 8 сентября 2008 г.

ရေးပေးပါ ဆိုလို့.........

ကိုယ့်ရဲ့နာမည်........ မေတ္တာတရား
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…...... ..ဂျပိုး....ဘာလို့လဲဆိုတော့...စာတွေတအားလုပ်လို့..........
ဒီမှာနေတယ်…........Rich Island.......အဖေနေတာကိုပြောတာ..........
ကိုယ့်ဆီဖုန်းဆက်ချင်ရင်…......ဖုန်းနံပါတ်က အလွတ်မရဘူး....ကဒ်ကလိတ်တတ်ဖြစ်နေလို့.......
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..အောက်မှာဖတ်ကြည့်.........
အရောင်ဆိုရင်…..... အနီရောင်.........
အ၀တ်အစားဆိုရင်….... Giordano, Eliz, Zaraman, Preston……….
ပစ္စည်းဆိုရင်…..........Euro 100 အောက်ဆိုမသုံးချင်ဘူးဗျာ..........
သီချင်းဆိုရင် ........အဓိပ္ပါယ်ရှိရင် ကြိုက်တယ်.............
စာရေးစာဆရာ…...စာဖတ်တော့ဖတ်တယ်....ဘယ်သူရေးတယ်ဆိုတာတော့.....မကြည့်မိဘူး...........
စာအုပ်…..ထူရင်မဖတ်ဘူး......E book …..တွေပဲဖတ်တယ်......
Life style….... ရင့်ကြက်တည်ငြိမ်အေးဆေး Mature ဆန်တာကြိုက်တယ်...........
ကိုယ့်ရဲ့ဝါသနာ…..... ဆရာဝန်လုပ်ချင်တယ် လူတွေကုနေရရင်ကျေနပ်တယ်.............
အလိုချင်ဆုံးလက်ဆောင်…....အသက်မကြီးချင်ဘူး....
ကိုယ့်ရဲ့ အချစ်ဆုံးသူက….... ဖေဖေ မေမေ၊ ရည်းစားကတော့မမွေးသေးဘူးဗျာ........
ကိုယ့်ရဲ့ အလေးစားဆုံးသူက…......ထူးထူးချွန်ချွန်အောင်မြင်နေတဲ့သူ...........
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…...အမေရိကမှာ ပါရဂူတက်နေဆဲ..........
ကိုယ့်ကို အများဆုံးနားလည်မှုပေနိုင်သူ..........ကိုယ်တိုင်ပါပဲ.............
ကိုယ့်ရဲ့ အမုန်းဆုံးသူက …....မရှိဘူး.........ဗျာ.........
ရင်အခုန်ဆုံးအချိန်….....မခံစားဘူးသေးဘူး........
အကြောက်ဆုံးအချိန်…....ရှိတော့ရှိခဲတယ်..........များနေလို့မရေးတော့ဘူး.........
အပျော်ဆုံးအချိန်...........လာတော့လာမယ် စောင့်နေဆဲ......ဗျာ........
အမှတ်တရ နေ့…....... အမေရိကသွားတဖို့လုပ်တဲ့နေ့..............
တောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…......ခွဲစိတ်ဆရာဝန်ဖြစ်ချင်တယ်ဗျာ.........
အချစ်ဆိုတာ…..... အချစ်ဘဲ....ဒုက္ဓခံရမှာစိုးလို့.....အခုထိ..ရည်းစားမထားဘူး.....
အမုန်းဆိုတာ…..... စိတ်ကောင်းထားးတတ်ရင်...ချစ်တတ်တဲ့သူတွေဆီမှာပဲရှိတယ်...ခံစားမှုဝါဒီတွေအတွက်...ဖြစ်တယ်။
အလွမ်းဆိုတာ…....တကယ်တာ့...အပျင်းတွေအတွက်ထားတာ...ပျင်းနေရင်ထိုင်လွမ်းဖို့......သီးသန့်။
သံယောဇဉ်ဆိုတာ…... မျှင်မျှင်လေးပဲကောင်းတယ်။
ဘ၀ဆိုတာ…...... နေတတ်ရင်ပျော်စရာကောင်းပါတယ်......
သူငယ်ချင်းဆိုတာ…...ထားသင့်တယ်....ကောင်းတဲ့သူကိုပေါ့ဗျာ........
ချစ်သူဆိုတာ….... ရည်းစားမထားဖူးတော့ မသိဘူး..........
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်............ဆရာဝန်လို့........
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. မိမိကိုယ်သာ ကိုးကွယ်ရာ......
အပြောချင်ဆုံးစကားတစ်ခွန်း…..တွေးနေဆဲ…နောက်ကြုံရင်ပြောပြမယ်……အကြွေးမှတ်ထားလိုက်ဗျာ…..။

пятница, 5 сентября 2008 г.

ဝေဒနာ

ဝေဒနာတစ်ခုကိုပြင်းပြင်းထံထံခံစားနေရတဲ့သူတစ်ယောက်ဟာ သူ့ရဲ့စိတ်တွေအားလုံးကို
အဲ့ဒီဝေဒနာပေါ်မှာပဲ အာရုံထားတတ်ကြတယ်။ သူဘာဝေဒနာတွေကိုခံစားနေရတာလဲ။
သူခံစားနေရတဲ့ဝေဒနာက သူ့ကိုဘယ်လို ဒုက္ဓပေးနေသလဲ။ ဘယ်လိုအကြောင်းကြောင့်
သူအဲ့ဒီလိုပုံစံမျိုး ဖြစ်သွားရတာလဲ။ အဓိကတရားခံက ဘယ်သူလဲ။ ကျွန်တော်သိတယ်။

အဓိကတရားခံက သူပါပဲ။ သူက အေးအေးဆေးဆေးသမား ။ သူ့မှာဆွေမျိုးသားချင်းမရှိ။ စာရေးနေရရင် ကျေနပ်နေတဲ့သူ။ဒါပေမဲ့သူက စီးကရက်သောက်တယ်။ ဘယ်လောက်ထိတောင်သောက်သလဲဆိုတော့ သူနေတဲ့အခန်း တစ်ခန်းလုံးမှာ ဆေးလိပ်မီးခိုးတွေကြီးပါပဲ။ သူက စာရေးနေရရင် ထမင်းစားဖို့တောင်
မေ့နေတတ်တဲ့သူ။ ကျွန်တော်ကတော့တွေးမိတာပေါ့ဗျာ သူဈန်ဝင်နေလို့ဖြစ်မှာပါ။ ညရောက်တော့
လည်း အိပ်လားဆိုတော့လည်း မအိပ်ဘူး။ ညဘက်က လူချေတိတ်ဆိတ်တဲ့ အတွက် စာရေးရတာ
ပိုအဆင်ပြေတယ်။ ဆေးလိပ်သောက်လိုက် စာရေးလိုက်နဲ့ အိမ်အပြင်ကိုတောင် သူမရောက်တော့ဘူး။

ကြာလာတော့ ပတ်ဝန်းကျင်နဲ့သူ အဆက်အသွယ်ပြတ်စပြုလာပြီ။ သူငယ်ချင်းတွေလာတော့လည်း
စကားကိုတိုတိုနဲ့ လိုရင်းသာပြောပြီး စာကိုသာဆက်ပြီးရေးနေတော့တယ်။ နောက်တော့သူ
တဖြည်းဖြည်းနဲ့ ချောင်းတွေစပြီးဆိုးလာတာကို သတိထားမိလာတယ်။ သူကတော့ ရိုးရိုးအအေးမိတာ
လို့လဲယူဆတာပေါ့။ သူကိုစိတ်ပုလို့ သူငယ်ချင်းတွေက ပြောတဲ့အခါ ”ဆေးသောက်လိုက်ရင်ကောင်း
သွားမှာပါကွာ ” လို့အမြဲတမ်းပြောပါတယ်။ နောက်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ သူ့ဆီကို
သွားတဲ့အခါ သူ့ကျန်းမာရေးက ဆိုးနေပြီ။ ချောင်းဆိုးတယ် ၊ ပြီးတော့သွေးတွေပါလာတယ်။

သူနဲ့စကားပြောတဲ့အခါ သူအရမ်းမောနေတယ်။ စကားကိုတောင်ကောင်းကောင်းမပြောနိုင်တော့ဘူး။
ဒါနဲ့သူကို ကျွန်တော်တို့တွေ ဆေးရုံပြဖို့ အကြိမ်ကြိမ် တိုက်တွန်းပါတယ်။ သူကအရမ်း ခေါင်းမာတယ်။
နောက်ဆုံးသူ မတတ်နိုင်တဲ့အဆုံးတော့ ဆေးရုံကို ကျွန်တော်တို့နဲ့ အတူ လိုက်လာခဲ့ရပါတယ်။
သူ့ကို Medical Checkup လုပ်ကြည့်တော့ သူ့ရဲ့ အဆုတ်က တော်တော်လေးကို ပျက်ဆီးနေပြီ။
ရောဂါ အခြေအနေက တော်တော်လေးကို ကျွမ်းနေပြီ။ သူ့ရဲ့ခန္ဓကိုယ်မှာလည်း ပိုက်တွေနဲ့၊
အသက်ရူတာတောင် ကောင်းကောင်းမရူနိုင်တော့ဘူး။ သူ့ရဲ့ အဆုတ်နှစ်ခုလုံးက သူ့ကိုကောင်းကောင်း ဒုက္ဓပေးနေပြီ။ သူ့ရဲ့အသက်ကို ဆရာဝန်တွေနဲ့ သေမင်းက လွန်ဆွဲနေကြပြီ။

ဘယ်သူအနိုင်ရမလဲ။ သူအခုအချိန်မှာ ဝေဒနာကို သူကောင်းကောင်းခံစားနေရပြီ။ ဒါပေမဲ့ကံကြမ္ဓာ
ရဲ့ အလှည့်အပြောင်းကြောင့် သူလူ့ဘ၀ထဲကနေ ထာဝရတွက်ခွာသွားခဲ့ရပြီ။ သူ့ဘ၀ရဲ့ အဓိကတရား
ခံကတော့သူသောက်ခဲ့တဲ့ဆေးလိပ်ကြောင့်ပါပဲ။ ဒီခေါတ်ထဲမှာ လူငယ်တွေဟာ ဆေးလိပ်ကို
Professional သောက်လာတာကိုတွေ့ရပါတယ်။ ”လူတစ်ယောက်ဟာ ကိုယ်မလုပ်ဖူးတဲ့အလုပ်
တစ်ခုကို လုပ်တတ်သွားတဲ့အခါ နောက်တစ်ခါ မလုပ်ဘဲကိုမနေနိုင်တော့ပါဘူး၊ မလုပ်ဖူးတဲ့သူ
အတွက်ကျတော့ ပြသာနာမရှိဘူးပေါ့ဗျာ၊ လုပ်ချင်တဲ့ စမ်းသပ်ချင်တဲ့စိတ်တွေအတွက်
ဆန္ဓကို သိက္ဓာနဲ့ထိန်းပါ” ။ ကောင်းကျိုးတွေကို သင်ခံစားရမှာသေချာပါတယ်။

вторник, 2 сентября 2008 г.

ခံစားချက်ဆိုတာ

ခံစားချက်ဆိုတာ ဘာလဲ........
တကယ်သိချင်လား.....ပြောပြမယ်ဗျာ...ကိုယ်တွေ့ဖြစ်ရပ်လေးမို့ပါ ။
ကျွန်တော်မှာ အချစ်ဆုံး သူငယ်ချင်း(၃)ယောက်ရှိတယ်ဗျာ ။ အဲ့ဒီထဲက သော်တာအောင်ဟာ
နောက်ဆုံးနှစ် စီးပွားရေးတက္တသိုလ် ကျောင်းသားပေါ့ဗျာ ။ သူ့မှာ ၀သုန်ဦး ဆိုတဲ့သူသိပ်ချစ်ရတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့ ချစ်သူတွေပေါ့ဗျာ ။

ဝသုန်ဦီးက ရန်ကုန် ကျောက်မြောင်းမှာနေတယ်။ သော်တာအောင်ကတော့ ရန်ကင်း မှာနေတယ် ။
သူတို့ နှစ်ယောက် ကအတန်းထဲမှာ အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်တယ်လို့ အားလုံးက မြင်ကြတယ် ။ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြတာ တော်တော်လေးကို ကြာခဲပြီ ။

သူတို့ နှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကို ကံကြမ္ဓာက
မျက်နှာသာ မပေးခဲ့ပါဘူး ။

မမျှော်လင့်ထားတဲ့နေ့ တနေ့မှာ အရှိန်ပြင်းပြင်း မောင်းလာသော ကုန်ကားတစ်စီးဟာ ဘရိတ်ပေါက်ပြီး သူတို့နှစ်ယောက် မောင်းလာတဲ့ကားနဲ့ တိုက်မိသွားတယ်။
အဲဒီအချိန်မှာ သော်တာဦးက ခေါင်းကိုအကြီးအကျယ် ဒဏ်ရာရရှိသွားတယ် ။ ၀သုန်ဦး
ကတော့ နှလုံးကို ထိခိုက်သွားတာဖြစ်လို့ အခြေအနေကတော့ စိုးရိမ်ရတယ် ။
သူတို့ နှစ်ယောက်သတင်းကို ကြားကြားခြင်း ကျွန်တော်တို့ သူငယ်ချင်းတွေ ချက်ချင်း
လိုက်သွားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အခုအချိန်အထိ ခွဲစိတ်ခန်းထဲကနေ ထွက်မလာကြသေး
ပါဘူး။

သ်ာတာဦးက မေးပါတယ် ” ဆရာဝသုန်အခြေအနေ ဘယ်လိုရှိသလဲ” ။
ဆရာကတော့ ”ကောင်းပါတယ်” ။ ဒါပေမဲ့ သော်တာဦးကို ခွဲနေစဉ် ည(၂)နာရီမှာ သော်တာဦးက
ပြတင်းပေါက်ကို ဖျတ်ခနဲ တချက်ကြည့် လိုက်ပြီးနောက် မျက်ရည်စတွေ သူ့မျက်ဝန်း တစ်စုံမှာ
စီးကြလာတာကို ဆရာဝန်တွေက သတိထားမိကြတယ်။

တကယ်တော့ ၀သုန်ဦးက နောက်ဆုံးအကြိမ် လာရောက်နှုတ်ဆက်သွားခြင်း သာဖြစ်ပါသည် ။
တကယ်တော့ ၀သုန်ဦးက ည(၂)နာရီမှာ ဆုံးပါးသွားခဲ့ရပါတယ် ။ နောက်တော့ သော်တာဦး ဆေးရုံက ဆင်းလာတော့ ၀သုန်ဦး သူ့ဆီကို ဘယ်လို ဘယ်ပုံစံနဲ့ နောက်ဆုံး လာရောက်
နှုတ်ဆက်ခဲ့ သလဲဆိုတာကို ကျွန်တော်တို့ကို ပြောပြတယ်။

”မောင် ” ”၀သုန် မောင့်ကို လာနှုတ်ဆက်တာပါ”
သူမလာခင် အချိန်မှာ ခွဲစိတ်ခန်းထဲမှာ သူအမြဲသုံးနေတဲ့ ရေမွေးနံ့ကို ရခဲ့တယ် တဆက်တည်း
ပြတင်းပေါက်ကနေ လေတွေတိုက်လာတယ် ။ ပြီးတော့ သူ့အသံကိုကြားရတယ်။ ဒါပေမဲ့ သူ့ကို
ကျွန်တော် မမြင်ခဲ့ရပါဘူး ။ ကျွန်တော်သိလိုက်ပါတယ် ။ သူ ဒီလောကကနေ အပြီးအပိုင် ထွက်ခွာ
သွားပြီဆိုတာ.........သိလိုက်ရတယ် ။

ကျွန်တော် ဘ၀မှာ အသက်လောက်ချစ်တဲ့သူ့ကို ဘယ်လိုနည်းနဲ့ မေ့လို့ရမလဲဗျာ ။
နောက်တော့ သော်တာဦးလဲ စိတ်ပြေ လက်ပျောက်ဆိုပြီး နိုင်ငံခြားကို ထွက်သွားလိုက်တာ
ဒီနေ့အထိ ကျွန်တော်နှင့်သူ ပြန်မဆုံ ခဲ့ရတာ နှစ်တော်တော်ကြာပြီ ......

понедельник, 1 сентября 2008 г.

တဒင်္ဂ

ကြေမွမျက်ရည်
မသုတ်ချင်သည် ။
နင့်ကိုချစ်တာ
တဒင်္ဂတည်း ။
နောက်နောင်ဘဝ
ကြုံဆုံငြားလည်း
တဒင်္ဂသာဖြစ်ချင်သည်

နောင်တဆိုတာ

နောင်တဆိုတာ
နောင်မှရတယ်တဲ့
ငါနားမလည် နိုင်ဘူးကွာ
ဘာတွေလဲ

ကျေးဇူးပြုပြီးငါကိုရှင်းရှင်းပြောပါလား
အခုအချိန်မှာ ငါ့စိတ်တွေ ပြာယာခတ်နေတယ်
မတည်ငြိမ်ဘူး

ဘာဖြစ်လို့ ငါ့ခြေလှမ်းတွေက အလိုလို သူ့ဘက်ကိုရောက်သွားတာလဲ
မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာလဲ အကြိမ်ကြိမ်ပဲ ။

အောင်မြင်တယ်လို့လဲ တစ်ခါမှမရှိဘူး
တစ်ခါတစ်လေ တွေးမိတယ် ဘာလို့လဲဆိုတော့
ငါက အဖြည့်ခံ ဘ၀လို့လေ။

ဟုတ်တယ် ။ အဲ့ဒါ သိပ်သေချာတယ် ။
သူ့အတွက် ငါက အဖြည့်ခံပဲလေ။
သူ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါမသိဘူး ။
ဒါပေမဲ့ ငါသိတာ တစ်ခုတော့ရှိတယ် ။
သူက ငါ့ကိုမချစ်ဘူးလေ။

ငါထင်တာကတော့ သူ့အချစ်ကိုတောင်သူမပိုင်ဘူးနဲ့တူတယ်။
အခြားတစ်ယောက်ကအပိုင်သိမ်းထားလိုက်ပြီလေ ။
အဲ့ဒီအတွက် ငါဘာတတ်နိုင်သလဲ
ငါဘာမှ မတတ်နိုင်ဘူးလေ။

ဒီလိုလေးပဲ အဝေးကနေပဲ ချစ်နေပါရစေ ချစ်သူရယ်။ (မေတ္တာတရား)

တနင်္ဂနွေ ၊ တနင်္ဂနွေသက်ရောက် အဟော

ပူသလို ပြန်ကာသာပြောနိုင်ဘု
တောထွက်မယ် ခင်လူ
သင်္ကန်းနှင့် သေပါရင်
ခေမာခွင် ရောက်လိမ့်မလွဲ၊
တွေးလိုက်တိုင်း ဆွေးစိတ်ပိုတယ်။
အေးရိပ်ကိုမြင်ဘဲ
ခင်မျက်နှာသော်တာလကိုလ
မျှော်ကာပ လွမ်းရက်ပင်
ခုနှယ်များ ခင်မင်မှုရယ်
ကြင်သူကို မြင်ဦးလှည့်
မရွှင်မပြုံး မောင့်မျက်နှာ

မိန်းမယူမယ်ဆိုရင်

အသက်ကိုတည် နဲ့မြောက် နဲ့စား နဲ့ ကြွင်းရင် ကညာပျို အစစ်ဇနီးကိုရပါမယ်။
နဲ့ ကြွင်းက တစ်လင်ကွာ မုဆိုးမလို့ ဆိုပါတယ်။
နဲ့ ကြွင်းရင်တော့ အမျိုးမြတ် ဇနီးရမယ်လို့ ဆိုပါတယ်။
 ကြွင်းရင်တော့ အမယ်အိုလို့ ဆိုပါတယ်။
ကဲ တွက်ကြည့်ရအောင်။