ကိုယ့်ရဲ့နာမည်…........ မေတ္တာတရား
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…...... ..ဂျပိုး....ဘာလို့လဲဆိုတော့...စာတွေတအားလုပ်လို့..........
ဒီမှာနေတယ်…........Rich Island.......အဖေနေတာကိုပြောတာ..........
ကိုယ့်ဆီဖုန်းဆက်ချင်ရင်…......ဖုန်းနံပါတ်က အလွတ်မရဘူး....ကဒ်ကလိတ်တတ်ဖြစ်နေလို့.......
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..အောက်မှာဖတ်ကြည့်.........
အရောင်ဆိုရင်…..... အနီရောင်.........
အ၀တ်အစားဆိုရင်….... Giordano, Eliz, Zaraman, Preston……….
ပစ္စည်းဆိုရင်…..........Euro 100 အောက်ဆိုမသုံးချင်ဘူးဗျာ..........
သီချင်းဆိုရင် ........အဓိပ္ပါယ်ရှိရင် ကြိုက်တယ်.............
စာရေးစာဆရာ…...စာဖတ်တော့ဖတ်တယ်....ဘယ်သူရေးတယ်ဆိုတာတော့.....မကြည့်မိဘူး...........
စာအုပ်…..ထူရင်မဖတ်ဘူး......E book …..တွေပဲဖတ်တယ်......
Life style….... ရင့်ကြက်တည်ငြိမ်အေးဆေး Mature ဆန်တာကြိုက်တယ်...........
ကိုယ့်ရဲ့ဝါသနာ…..... ဆရာဝန်လုပ်ချင်တယ် လူတွေကုနေရရင်ကျေနပ်တယ်.............
အလိုချင်ဆုံးလက်ဆောင်…....အသက်မကြီးချင်ဘူး....
ကိုယ့်ရဲ့ အချစ်ဆုံးသူက….... ဖေဖေ မေမေ၊ ရည်းစားကတော့မမွေးသေးဘူးဗျာ........
ကိုယ့်ရဲ့ အလေးစားဆုံးသူက…......ထူးထူးချွန်ချွန်အောင်မြင်နေတဲ့သူ...........
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…...အမေရိကမှာ ပါရဂူတက်နေဆဲ..........
ကိုယ့်ကို အများဆုံးနားလည်မှုပေနိုင်သူ..........ကိုယ်တိုင်ပါပဲ.............
ကိုယ့်ရဲ့ အမုန်းဆုံးသူက …....မရှိဘူး.........ဗျာ.........
ရင်အခုန်ဆုံးအချိန်….....မခံစားဘူးသေးဘူး........
အကြောက်ဆုံးအချိန်…....ရှိတော့ရှိခဲတယ်..........များနေလို့မရေးတော့ဘူး.........
အပျော်ဆုံးအချိန်...........လာတော့လာမယ် စောင့်နေဆဲ......ဗျာ........
အမှတ်တရ နေ့…....... အမေရိကသွားတဖို့လုပ်တဲ့နေ့..............
တောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…......ခွဲစိတ်ဆရာဝန်ဖြစ်ချင်တယ်ဗျာ.........
အချစ်ဆိုတာ…..... အချစ်ဘဲ....ဒုက္ဓခံရမှာစိုးလို့.....အခုထိ..ရည်းစားမထားဘူး.....
အမုန်းဆိုတာ…..... စိတ်ကောင်းထားးတတ်ရင်...ချစ်တတ်တဲ့သူတွေဆီမှာပဲရှိတယ်...ခံစားမှုဝါဒီတွေအတွက်...ဖြစ်တယ်။
အလွမ်းဆိုတာ…....တကယ်တာ့...အပျင်းတွေအတွက်ထားတာ...ပျင်းနေရင်ထိုင်လွမ်းဖို့......သီးသန့်။
သံယောဇဉ်ဆိုတာ…... မျှင်မျှင်လေးပဲကောင်းတယ်။
ဘ၀ဆိုတာ…...... နေတတ်ရင်ပျော်စရာကောင်းပါတယ်......
သူငယ်ချင်းဆိုတာ…...ထားသင့်တယ်....ကောင်းတဲ့သူကိုပေါ့ဗျာ........
ချစ်သူဆိုတာ….... ရည်းစားမထားဖူးတော့ မသိဘူး..........
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်............ဆရာဝန်လို့........
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. မိမိကိုယ်သာ ကိုးကွယ်ရာ......
အပြောချင်ဆုံးစကားတစ်ခွန်း…..တွေးနေဆဲ…နောက်ကြုံရင်ပြောပြမယ်……အကြွေးမှတ်ထားလိုက်ဗျာ…..။
понедельник, 8 сентября 2008 г.
пятница, 5 сентября 2008 г.
ဝေဒနာ
ဝေဒနာတစ်ခုကိုပြင်းပြင်းထံထံခံစားနေရတဲ့သူတစ်ယောက်ဟာ သူ့ရဲ့စိတ်တွေအားလုံးကို
အဲ့ဒီဝေဒနာပေါ်မှာပဲ အာရုံထားတတ်ကြတယ်။ သူဘာဝေဒနာတွေကိုခံစားနေရတာလဲ။
သူခံစားနေရတဲ့ဝေဒနာက သူ့ကိုဘယ်လို ဒုက္ဓပေးနေသလဲ။ ဘယ်လိုအကြောင်းကြောင့်
သူအဲ့ဒီလိုပုံစံမျိုး ဖြစ်သွားရတာလဲ။ အဓိကတရားခံက ဘယ်သူလဲ။ ကျွန်တော်သိတယ်။
အဓိကတရားခံက သူပါပဲ။ သူက အေးအေးဆေးဆေးသမား ။ သူ့မှာဆွေမျိုးသားချင်းမရှိ။ စာရေးနေရရင် ကျေနပ်နေတဲ့သူ။ဒါပေမဲ့သူက စီးကရက်သောက်တယ်။ ဘယ်လောက်ထိတောင်သောက်သလဲဆိုတော့ သူနေတဲ့အခန်း တစ်ခန်းလုံးမှာ ဆေးလိပ်မီးခိုးတွေကြီးပါပဲ။ သူက စာရေးနေရရင် ထမင်းစားဖို့တောင်
မေ့နေတတ်တဲ့သူ။ ကျွန်တော်ကတော့တွေးမိတာပေါ့ဗျာ သူဈန်ဝင်နေလို့ဖြစ်မှာပါ။ ညရောက်တော့
လည်း အိပ်လားဆိုတော့လည်း မအိပ်ဘူး။ ညဘက်က လူချေတိတ်ဆိတ်တဲ့ အတွက် စာရေးရတာ
ပိုအဆင်ပြေတယ်။ ဆေးလိပ်သောက်လိုက် စာရေးလိုက်နဲ့ အိမ်အပြင်ကိုတောင် သူမရောက်တော့ဘူး။
ကြာလာတော့ ပတ်ဝန်းကျင်နဲ့သူ အဆက်အသွယ်ပြတ်စပြုလာပြီ။ သူငယ်ချင်းတွေလာတော့လည်း
စကားကိုတိုတိုနဲ့ လိုရင်းသာပြောပြီး စာကိုသာဆက်ပြီးရေးနေတော့တယ်။ နောက်တော့သူ
တဖြည်းဖြည်းနဲ့ ချောင်းတွေစပြီးဆိုးလာတာကို သတိထားမိလာတယ်။ သူကတော့ ရိုးရိုးအအေးမိတာ
လို့လဲယူဆတာပေါ့။ သူကိုစိတ်ပုလို့ သူငယ်ချင်းတွေက ပြောတဲ့အခါ ”ဆေးသောက်လိုက်ရင်ကောင်း
သွားမှာပါကွာ ” လို့အမြဲတမ်းပြောပါတယ်။ နောက်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ သူ့ဆီကို
သွားတဲ့အခါ သူ့ကျန်းမာရေးက ဆိုးနေပြီ။ ချောင်းဆိုးတယ် ၊ ပြီးတော့သွေးတွေပါလာတယ်။
သူနဲ့စကားပြောတဲ့အခါ သူအရမ်းမောနေတယ်။ စကားကိုတောင်ကောင်းကောင်းမပြောနိုင်တော့ဘူး။
ဒါနဲ့သူကို ကျွန်တော်တို့တွေ ဆေးရုံပြဖို့ အကြိမ်ကြိမ် တိုက်တွန်းပါတယ်။ သူကအရမ်း ခေါင်းမာတယ်။
နောက်ဆုံးသူ မတတ်နိုင်တဲ့အဆုံးတော့ ဆေးရုံကို ကျွန်တော်တို့နဲ့ အတူ လိုက်လာခဲ့ရပါတယ်။
သူ့ကို Medical Checkup လုပ်ကြည့်တော့ သူ့ရဲ့ အဆုတ်က တော်တော်လေးကို ပျက်ဆီးနေပြီ။
ရောဂါ အခြေအနေက တော်တော်လေးကို ကျွမ်းနေပြီ။ သူ့ရဲ့ခန္ဓကိုယ်မှာလည်း ပိုက်တွေနဲ့၊
အသက်ရူတာတောင် ကောင်းကောင်းမရူနိုင်တော့ဘူး။ သူ့ရဲ့ အဆုတ်နှစ်ခုလုံးက သူ့ကိုကောင်းကောင်း ဒုက္ဓပေးနေပြီ။ သူ့ရဲ့အသက်ကို ဆရာဝန်တွေနဲ့ သေမင်းက လွန်ဆွဲနေကြပြီ။
ဘယ်သူအနိုင်ရမလဲ။ သူအခုအချိန်မှာ ဝေဒနာကို သူကောင်းကောင်းခံစားနေရပြီ။ ဒါပေမဲ့ကံကြမ္ဓာ
ရဲ့ အလှည့်အပြောင်းကြောင့် သူလူ့ဘ၀ထဲကနေ ထာဝရတွက်ခွာသွားခဲ့ရပြီ။ သူ့ဘ၀ရဲ့ အဓိကတရား
ခံကတော့သူသောက်ခဲ့တဲ့ဆေးလိပ်ကြောင့်ပါပဲ။ ဒီခေါတ်ထဲမှာ လူငယ်တွေဟာ ဆေးလိပ်ကို
Professional သောက်လာတာကိုတွေ့ရပါတယ်။ ”လူတစ်ယောက်ဟာ ကိုယ်မလုပ်ဖူးတဲ့အလုပ်
တစ်ခုကို လုပ်တတ်သွားတဲ့အခါ နောက်တစ်ခါ မလုပ်ဘဲကိုမနေနိုင်တော့ပါဘူး၊ မလုပ်ဖူးတဲ့သူ
အတွက်ကျတော့ ပြသာနာမရှိဘူးပေါ့ဗျာ၊ လုပ်ချင်တဲ့ စမ်းသပ်ချင်တဲ့စိတ်တွေအတွက်
ဆန္ဓကို သိက္ဓာနဲ့ထိန်းပါ” ။ ကောင်းကျိုးတွေကို သင်ခံစားရမှာသေချာပါတယ်။

вторник, 2 сентября 2008 г.
ခံစားချက်ဆိုတာ
ခံစားချက်ဆိုတာ ဘာလဲ........
တကယ်သိချင်လား.....ပြောပြမယ်ဗျာ...ကိုယ်တွေ့ဖြစ်ရပ်လေးမို့ပါ ။
ကျွန်တော်မှာ အချစ်ဆုံး သူငယ်ချင်း(၃)ယောက်ရှိတယ်ဗျာ ။ အဲ့ဒီထဲက သော်တာအောင်ဟာ
နောက်ဆုံးနှစ် စီးပွားရေးတက္တသိုလ် ကျောင်းသားပေါ့ဗျာ ။ သူ့မှာ ၀သုန်ဦး ဆိုတဲ့သူသိပ်ချစ်ရတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့ ချစ်သူတွေပေါ့ဗျာ ။
ဝသုန်ဦီးက ရန်ကုန် ကျောက်မြောင်းမှာနေတယ်။ သော်တာအောင်ကတော့ ရန်ကင်း မှာနေတယ် ။
သူတို့ နှစ်ယောက် ကအတန်းထဲမှာ အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်တယ်လို့ အားလုံးက မြင်ကြတယ် ။ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့ကြတာ တော်တော်လေးကို ကြာခဲပြီ ။
သူတို့ နှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကို ကံကြမ္ဓာက
မျက်နှာသာ မပေးခဲ့ပါဘူး ။
မမျှော်လင့်ထားတဲ့နေ့ တနေ့မှာ အရှိန်ပြင်းပြင်း မောင်းလာသော ကုန်ကားတစ်စီးဟာ ဘရိတ်ပေါက်ပြီး သူတို့နှစ်ယောက် မောင်းလာတဲ့ကားနဲ့ တိုက်မိသွားတယ်။
အဲဒီအချိန်မှာ သော်တာဦးက ခေါင်းကိုအကြီးအကျယ် ဒဏ်ရာရရှိသွားတယ် ။ ၀သုန်ဦး
ကတော့ နှလုံးကို ထိခိုက်သွားတာဖြစ်လို့ အခြေအနေကတော့ စိုးရိမ်ရတယ် ။
သူတို့ နှစ်ယောက်သတင်းကို ကြားကြားခြင်း ကျွန်တော်တို့ သူငယ်ချင်းတွေ ချက်ချင်း
လိုက်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အခုအချိန်အထိ ခွဲစိတ်ခန်းထဲကနေ ထွက်မလာကြသေး
ပါဘူး။
သော်တာဦးက မေးပါတယ် ” ဆရာဝသုန်အခြေအနေ ဘယ်လိုရှိသလဲ” ။
ဆရာကတော့ ”ကောင်းပါတယ်” ။ ဒါပေမဲ့ သော်တာဦးကို ခွဲနေစဉ် ည(၂)နာရီမှာ သော်တာဦးက
ပြတင်းပေါက်ကို ဖျတ်ခနဲ တချက်ကြည့် လိုက်ပြီးနောက် မျက်ရည်စတွေ သူ့မျက်ဝန်း တစ်စုံမှာ
စီးကြလာတာကို ဆရာဝန်တွေက သတိထားမိကြတယ်။
တကယ်တော့ ၀သုန်ဦးက နောက်ဆုံးအကြိမ် လာရောက်နှုတ်ဆက်သွားခြင်း သာဖြစ်ပါသည် ။
တကယ်တော့ ၀သုန်ဦးက ည(၂)နာရီမှာ ဆုံးပါးသွားခဲ့ရပါတယ် ။ နောက်တော့ သော်တာဦး ဆေးရုံက ဆင်းလာတော့ ၀သုန်ဦး သူ့ဆီကို ဘယ်လို ဘယ်ပုံစံနဲ့ နောက်ဆုံး လာရောက်
နှုတ်ဆက်ခဲ့ သလဲဆိုတာကို ကျွန်တော်တို့ကို ပြောပြတယ်။
”မောင် ” ”၀သုန် မောင့်ကို လာနှုတ်ဆက်တာပါ”
သူမလာခင် အချိန်မှာ ခွဲစိတ်ခန်းထဲမှာ သူအမြဲသုံးနေတဲ့ ရေမွေးနံ့ကို ရခဲ့တယ် တဆက်တည်း
ပြတင်းပေါက်ကနေ လေတွေတိုက်လာတယ် ။ ပြီးတော့ သူ့အသံကိုကြားရတယ်။ ဒါပေမဲ့ သူ့ကို
ကျွန်တော် မမြင်ခဲ့ရပါဘူး ။ ကျွန်တော်သိလိုက်ပါတယ် ။ သူ ဒီလောကကနေ အပြီးအပိုင် ထွက်ခွာ
သွားပြီဆိုတာ.........သိလိုက်ရတယ် ။
ကျွန်တော် ဘ၀မှာ အသက်လောက်ချစ်တဲ့သူ့ကို ဘယ်လိုနည်းနဲ့ မေ့လို့ရမလဲဗျာ ။
နောက်တော့ သော်တာဦးလဲ စိတ်ပြေ လက်ပျောက်ဆိုပြီး နိုင်ငံခြားကို ထွက်သွားလိုက်တာ
ဒီနေ့အထိ ကျွန်တော်နှင့်သူ ပြန်မဆုံ ခဲ့ရတာ နှစ်တော်တော်ကြာပြီ ......။

понедельник, 1 сентября 2008 г.
တဒင်္ဂ
ကြေမွမျက်ရည်
မသုတ်ချင်သည် ။
နင့်ကိုချစ်တာ
တဒင်္ဂတည်း ။
နောက်နောင်ဘဝ
ကြုံဆုံငြားလည်း
တဒင်္ဂသာဖြစ်ချင်သည် ။
မသုတ်ချင်သည် ။
နင့်ကိုချစ်တာ
တဒင်္ဂတည်း ။
နောက်နောင်ဘဝ
ကြုံဆုံငြားလည်း
တဒင်္ဂသာဖြစ်ချင်သည် ။
နောင်တဆိုတာ
နောင်တဆိုတာ
နောင်မှရတယ်တဲ့
ငါနားမလည် နိုင်ဘူးကွာ
ဘာတွေလဲ
ကျေးဇူးပြုပြီးငါကိုရှင်းရှင်းပြောပါလား
အခုအချိန်မှာ ငါ့စိတ်တွေ ပြာယာခတ်နေတယ်
မတည်ငြိမ်ဘူး
ဘာဖြစ်လို့ ငါ့ခြေလှမ်းတွေက အလိုလို သူ့ဘက်ကိုရောက်သွားတာလဲ
မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာလဲ အကြိမ်ကြိမ်ပဲ ။
အောင်မြင်တယ်လို့လဲ တစ်ခါမှမရှိဘူး
တစ်ခါတစ်လေ တွေးမိတယ် ဘာလို့လဲဆိုတော့
ငါက အဖြည့်ခံ ဘ၀လို့လေ။
ဟုတ်တယ် ။ အဲ့ဒါ သိပ်သေချာတယ် ။
သူ့အတွက် ငါက အဖြည့်ခံပဲလေ။
သူ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါမသိဘူး ။
ဒါပေမဲ့ ငါသိတာ တစ်ခုတော့ရှိတယ် ။
သူက ငါ့ကိုမချစ်ဘူးလေ။
ငါထင်တာကတော့ သူ့အချစ်ကိုတောင်သူမပိုင်ဘူးနဲ့တူတယ်။
အခြားတစ်ယောက်ကအပိုင်သိမ်းထားလိုက်ပြီလေ ။
အဲ့ဒီအတွက် ငါဘာတတ်နိုင်သလဲ
ငါဘာမှ မတတ်နိုင်ဘူးလေ။
ဒီလိုလေးပဲ အဝေးကနေပဲ ချစ်နေပါရစေ ချစ်သူရယ်။ (မေတ္တာတရား)

တနင်္ဂနွေ ၊ တနင်္ဂနွေသက်ရောက် အဟော
ပူသလို ပြန်ကာသာပြောနိုင်ဘု
တောထွက်မယ် ခင်လူ
သင်္ကန်းနှင့် သေပါရင်
ခေမာခွင် ရောက်လိမ့်မလွဲ၊
တွေးလိုက်တိုင်း ဆွေးစိတ်ပိုတယ်။
အေးရိပ်ကိုမြင်ဘဲ
ခင်မျက်နှာသော်တာလကိုလ
မျှော်ကာပ လွမ်းရက်ပင်
ခုနှယ်များ ခင်မင်မှုရယ်
ကြင်သူကို မြင်ဦးလှည့်
မရွှင်မပြုံး မောင့်မျက်နှာ
တောထွက်မယ် ခင်လူ
သင်္ကန်းနှင့် သေပါရင်
ခေမာခွင် ရောက်လိမ့်မလွဲ၊
တွေးလိုက်တိုင်း ဆွေးစိတ်ပိုတယ်။
အေးရိပ်ကိုမြင်ဘဲ
ခင်မျက်နှာသော်တာလကိုလ
မျှော်ကာပ လွမ်းရက်ပင်
ခုနှယ်များ ခင်မင်မှုရယ်
ကြင်သူကို မြင်ဦးလှည့်
မရွှင်မပြုံး မောင့်မျက်နှာ
မိန်းမယူမယ်ဆိုရင်
အသက်ကိုတည် ၄ နဲ့မြောက် ၊ ၇ နဲ့စား ၊ ၁ နဲ့ ၆ ကြွင်းရင် ကညာပျို အစစ်ဇနီးကိုရပါမယ်။
၂ နဲ့ ၅ ကြွင်းက တစ်လင်ကွာ မုဆိုးမလို့ ဆိုပါတယ်။
၃ နဲ့ ၄ ကြွင်းရင်တော့ အမျိုးမြတ် ဇနီးရမယ်လို့ ဆိုပါတယ်။
ဝ ကြွင်းရင်တော့ အမယ်အိုလို့ ဆိုပါတယ်။
ကဲ တွက်ကြည့်ရအောင်။

воскресенье, 31 августа 2008 г.
ဘယ်တော့ချမ်းသာမလဲ
ဒါကတော့ ဗေဒင်တွက်ကိန်းမှာ အရေးကြီးဆုံးသော အချက်တချက်ဖြစ်ပါတယ်ခင်ဗျုာ။
ငါဘယ်တော့ကောင်းစားမလဲဆိုတဲ့ အချက်ပါပဲ။ ကဲ တွက်ကြည့်ကြစို့။ တွက်နည်းကတော့ ဒီအတိုင်းပဲ။
မူလသက္တရာဇ်ကိုတည် ၊ သုံးခုခွဲရေး ၊ ပထမကို(၇)ခုစား၊ ပါပဂြိုလ်ကြွင်းလျှင် ပထမ အရွယ်မှာကောင်းစားမယ်။ ဒုတိယကိန်းကို(၈)ခုစား ၊ ပါပဂြိုလ်ကြွင်းလျှင် ဒုတိယအရွယ်မှာ ကောင်းစားမယ်။ တတ်ယကိန်းကို (၉)ခုစား ၊ ပါပဂြိုလ်ကြွင်းလျှင် တတိယအရွယ်မှာ ကောင်းစားမည်
ဟုဟောထားပါသည်။ လူငယ်များအတွက် အရွယ်သုံးပါး ပိုင်းခြားယူပုံကို အင်္ဂ၀ိဇ္ဇာ ကျမ်းလာအတိုင်း
ပြလိုက်ရဦးမယ်။ပဋိသန္ဓကစပြီး အသက် ၁၆ နှစ်အရွယ်တိုင်အောင် ပထမအရွယ်၊ အသက် ၁၇ နှစ်မှ ၄၅ နှစ်တိုင်အောင် ဒုတိယအရွယ် ၊ အသက် ၄၆နှစ်ကလွန်သော နှစ်အပိုင်းအခြားကို တတိယအရွယ်လို့ ခေါ်ပါတယ်။ အရွယ်သုံးပါးပိုင်းခြားယူရန် ကျမ်းလာအတိုင်း ပြလို့ပြီးသွားပါပြီ။ အရွယ်သုံးပါး ဘယ်အရွယ်မှာ ကောင်းစားမလဲဆိုတဲ့ တွက်နည်းတွက်ပုံကို ဥပမာထားပြီး ပြလိုက် ရဦးမယ်။ မူလသက္တရာဇ် ၁၂၇၀ မှာမွေးဖွားတယ်ဆိုပါတော့။
၇) ၁၂၇၀ ( ၁၈၁
၇
-----------------------
၅၇
၅၆
-----------------------
၁၀
၇
-------------------------
၃ ပါပဂြိုလ်
၈) ၁၂၇၀ ( ၁၅၈
၈
------------------------
၄၇
၄၀
-----------------------
၇၀
၆၄
-----------------------
၆ သောမဂြိုလ်
၉) ၁၂၇၀ ( ၁၄၁
၉
-------------------------
၃၇
၃၆
-------------------------
၁၀
၉
-------------------------
၁ ပါပဂြိုလ်
မူလသက္တရာဇ် ၁၂၇၀ ပြည့်နှစ်မှာ မွေးဖွားတဲ့ လူတစ်ဦးကိုတွက်ကြည့်တော့ ပထမအရွယ်နှင့် တတိယအရွယ်မှာ ကောင်းစားမယ်ဆိုတဲ့ အဟောကိုတွေ့ရတယ်။ အကောင်း
နှစ်ချက်ရတဲ့ဇာတာဖြစ်လို့ ဇာတာကောင်းလို့ဆိုရမယ်။ ပထမအရွယ်မှာဆိုရင်လည်း ပျော်ပျော်ပါးပါး ၀တ်စားတာနှင့် ကျောင်းနေတဲ့အခါဖြစ်လို့ ကောင်းတယ်လို့ဆိုရမယ်။
တတိယအရွယ် အိုမင်းမစွမ်း အရွယ်ရောက်ပြန်တော့လည်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနှင့် ရတနာသုံးပါး အာရုံထားပြီး အလှူအတန်း ပြုနိုင်ကြတဲ့အတွက် ဇာတာကောင်းလို့ဆိုပါတယ်။ အကောင်းနှစ်ချက် ကိန်းရမရ တွက်ကြည့်ပေါ့ဗျာ။

ရွက်လှေများ
ရွက်လှေများ
တကယ်တော့လည်း လူ့ဘ၀ဆိုတာ ကမ်းမမြင်လမ်းမမြင်သည့် ပင်လယ်သမုဒ္ဒရာပြင်ကြယ်ကြီးမှာ ကိုယ်တိုင် ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့် ခရီးနှင်နေကြရခြင်းပဲ မဟုတ်လား။
ဟိုးငယ်ငယ် ကလေးဘ၀အရွယ်တုန်းကတော့ ရေပြင်ကို မြင်လျှင် လျေလွှတ်ချင်စိတ်တွေရှိခဲ့၏။
ကျွန်တော်ငယ်စဉ်က ဧရာဝတီမြစ်၏ အနောက်ကမ်းက ရွာကြီးတရွာတွင် ခေတ္တသွားရောက်နေထိုင်ခဲ့ရဘူးသည်။ ခြံဝင်းကြီးမှာအကျယ်ကြီး စတုရန်းပေပေါင်းနှစ်သောင်းလောက်တော့ရှိမည်ထင်သည်။ အဲဒီခြံကြီး၏ ပတ်ပတ်လည်မှာမြင့်မားပြီးအရွက်စိပ်သော မန်ကျည်းပင်များစီတန်းကာရှိနေ၏။ ခြံရှေ့ကသုံးပေလောက်ရှည်သောရေမြောင်းသည် နွေရာသီမှာရေမစီးသော်လည်း မိုးရာသီနှင့်မြောင်း
ရေလွတ်သောကာလများတွင် ဒူးဆစ်ထိ့မြင့်သောရေဖြင့်
ချောင်းကလေးတခုအဖြစ်စီးဆင်းနေကြဖြစ်သည်။ အိမ်ခြံဝင်းတံခါးပေါက်နှင့် ရှေ့ကတာလမ်းကို ဆက်သွယ်ထားသော သစ်လုံးခင်းတံတားပြင်ကလည်း တော်တော်ကျယ်သည်။ ထိုတံတားပြင်ပေါ်မှာ ရေမြောင်းထဲသို့ ခြေချပြီးထိုင်သည့်အခါ ရေကကျွန်တော်၏ ခြေမျက်စိထိ နစ်နေလေ့ရှိ၏။ တခါတခါ မြောင်းကြီးမှရေလွှတ်များသည့်အချိန် တံတားသစ်လုံး၏ အစပ်ထိပင် ရေမြင့်သည့်အခါ ကျွန်တော်ခြေသလုံး အပေါ်ပိုင်းအထိ ရေမြုပ်တတ်၏။ ရေစီး၏ တိုးတိုက်မှုကို အဆန်းတကြယ်ခံယူရင်း ကျွန်တော်ပမြဲစိတ်ကူး ပေါ်လေ့ရှိသည်က စက္ကူလှေ လုပ်ဖို့။
စက္ကူလှေသည် ကလေးတိုင်း လုပ်ဖူးနေကျ လက်မှူအနုပညာဖြစ်သလို စက္ကူလှေ လွတ်ချင်းသည် ကလေးတိုင်းဆော့ကစားဖူးနေကျ ကစားနည်းဖြစ်လိမ့်မည်။ စက္ကူလှေကို ချိုးသည့်အ
ခါ ရိုးရိုးစင်းစင်း စက္ကူလှေနှင့် တက်မပါသော စက္ကူလှေရယ်လို့ နှစ်မျိုးရှိ၏။ ကျွန်တော်ကတော့ ရိုးရိုးစင်းစင်း စက္ကူလှေကလေးသာ ချိုးတတ်သည်။
ထိုစက္ကူလှေကလေးကို မြောင်းရေထဲတွင် ကျွန်တော်ချလိုက်လျှင် လှေကလေးသည် ရေစီးအတိုင်း လျှင်မြန်စွာပြေးလေ၏။ ထိုလှေကလေး မျက်စိအောက်မှပျောက်သွားသည်အထိ တရွှေ့ရွှေ့ ရွက်လွင့်သွားတာကိုမြင်ရလျှင် ဘယ်လိုပျော်မှန်းမသိ ပျော်မိ၏။ ထိုလှေကလေး တာလွှတ်ပြီး ဘယ်လောက်မှမကြာခင် ဟိုငြိသည်ငြိ ငြိပြီး ကမ်းစပ်မှာသောင်တင်နေလျှင် တုတ်ချောင်းကလေးဖြင့် တိုးကော်ကာ ထပ်သွားစေဖို့ ကြိုးစားမီသေး၏။ တကယ်တော့လည်း ငြိပြီး လဲပြိုနစ်စဉ်ကတည်းက စက္ကူက ရေစိုစွတ်ပြီးပြီ။ ထိုလှေသည် ပြန်လည်ထောင်မတ်ပြီး ခရီးနှင်ဖို့ဆိုတာ လုံးဝမဖြစ်နုင်ပေ။ ရေဆိုချပ်ပြားလေးအဖြစ် တုံးလုံးပက်လက်လဲရင်း မျောဖို့သာရှိတော့သည်။
အဲသည်တုန်းက စက္ကူလှေကလေးတစ်စင်း နစ်နေပြီဆိုလျှင် နောက်စက္ကူတစ်ရွက် ဖြုတ်ပြီး အလျှင်အမြန်ဖြူတ်ပြီး အလျင်အမြန် နောက်တစ်စင်း ချိုးနိုင်၏။ ရေမှာချပြီး လွှတ်နိုင်သေး၏။
ဒါကြောင့်လည်း ကလေးဘ၀ဟာ ပျော်စရာကောင်းခဲ့ခြင်းဖြစ်မှာပေါ့။
အသက်နည်းနည်းပိုကြီးလာလို့ ပန်းချီရေးဆွဲဖို့ ၀ါသနာပါလာသောအခါမှာလည်း ကျွန်တော်သည် ရေဆွဲတိုင်း လှေတစ်စင်း ထည့်ဖို့ ကြိုးစားလာကြသည်။ ဘာကြောင့်လဲတော့မသိ။ ရေပြင်ဆိုတာ လှေကလေးရှိနေမှ ပြည့်စုံသည်ဟု ထင်ခဲ့ပုံရသည်။ ဆွဲလိုက်သည့်လှေကလေး ရွက်လှေဖြစ်တတ်သည်။ ရွက်တိုင်မှာ အ၀တ်စကို ရွက်လွင့်ထားသည့် မြန်မာဆန်ဆန် ရွက်လှေလား။
ပြိင်ပွဲဝင် ရွက်လှေပေါ့ပေါ့ကလေး တွေလား ကျွန်တော်မမှတ်မိပါ။ လေ၏ထိန်းကျောင်းမှုအောက်မှာ ကိုယ့်လှေကို ကိုယ်သွားလိုရာသို့ ပဲ့ကိုင်ပြီး ခရီးနှင်နိုင်သည့် ဘ၀မျိုးကတော့ တော်တော်အားကျစရာ
ကောင်းလှသည်။
တကယ်လက်တွေ့မှာတော့ ကျွန်တော်လှေမစီးရဲပါ။ မြစ်ပြင်ကျယ်မှာ လှေဖြင့် စုန်ဆန်သွားလာနေကြသူများကို အားကျပါရဲ့။ သူတို့နေရာမှာ ကိုယ်က စိတ်ကူးဖြင့် ၀င်ရသည်က
တော်တော်ကျေနပ်ဖို့ကောင်းသည်။ တကယ် ကိုယ်တိုင် လှေပေါ်မှာ လိုက်ပါစီးနင်းဖို့၊ ထို့ထက်ပိုပြီး ထိုလှေကို ပဲ့ကိုင် လှော်ခတ်ဖို့၊ ရွက်လွင့်ဖို့ဆိုတာ ဘယ်လိုမှ သတ္တိမွေးယူလို့မရသည့် အဖြစ်တွေ ။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို မယုံကြည်လို့ပေါ့။ ကိုယ့်အစွမ်းသတ္တိကိုလည်း ကိုယ်မယုံ။
ကံကြမ္မာဆိုတာကိုလည်းမယုံ။ ကိုယ့်ရွက်လှေကို လေထန်သည့်မုန်တိုင်းက ဆွဲနှစ်ပစ်မှာလည်း ပူပင်ရသေးသည်။ ဒါကြောင့်လေမှန်သမျှ ၊ ရေမှန်သမျှကို ဘေးကကြည့်ပြီး အားကျရုံပဲ သာယာခဲ့မိ၏။
ကိုယ်တိုင်ပါဝင်ဖို့ ဘယ်တုန်းကမှ စိတ်ကူးခဲ့သည် မဟုတ်။
သို့သော် ကျွန်တော် မတွေးမ်သည့်အချက်မှာ ကျွန်တော်သည် ဘ၀၏ ကိုယ်ပိုင်ရွက်လှေဖြင့် ခရီးနှင်နေခဲ့ပြီးပြီ ဆိုတာပဲ။
ကျွန်တော်၏ ရွက်လှေက ဘယ်လောက်ခိုင်ခံ့သလဲ၊ ဘယ်လောက်လုံခြုံသလဲ ကျွန်တော်မသိ။ ကိုယ့်လှေကို လှပအောင် ဆွဲဆောင်မှုရှိအောင် ကျွန်တော်တို့ ဆေးခြယ်ရင်း အောင်မြင်ခဲ့သူတွေရှိမည်။ လှပနိုင်သူ သစ်လွင်နိုင်သူတို့က ဂုဏ်ယူစွာ ရွက်လွင့်နေချိန်တွင် မအောင်မြင်သူတွေက အစုတ်အပြဲ အဖာထေးရွက်တို့ဖြင့် မွဲနွမ်းသောလှေ ကိုယ်ထည်ဖြင့် နာနာကြည်းကြည်း ရွက်လွင့်နေကြလိမ့်မည်။ ကိုယ့်လှေကို ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် တာရှည်ခံသည်ထက်ခံအောင် ကြိုးစားပြင်ဆင်လိုသူတွေလည်းရှိမည်။ ကံစီမံရာပဲဟု ကံကြမ္မာအပေါ်
ယုံပြီး ပုံအပ်ထားသူတွေလည်းရှိမည်။ မုန်တိုင်းဗဟိုနှင့် နီးသူတွေရှိမည်။ အဖျားအနားပဲ ထိသူတွေရှိမည်။ အချိန်မတိုင်မီ နစ်သူတွေရှိမည်။
ကျွန်တော်တို့ ခရီးနှင်ရာ၏ အဆုံးပန်းတိုင်ကဘာလဲ။ အမှန်အတိုင်းပြောရလျှင် ကျွန်တော်မသိပါ။ နစ်မြုပ်ခြင်းသည် ခရီးဆုံးလား။ မနစ်မြုပဲ ခရီးဆက်ခွင့်သာရခဲ့လျှင် ဟိုဘက်မှာဘာရှိသလဲ။ ဘာကိုမျှော်လင့်ပြီးကျွန်တော်တို့ ရွက်လွင့်နေကြတာလဲ။ မေတ္တာတရား
အတွက်လား။ ဗြဟ္မစိုရ်တရားအတွက်လား။ ဒါမှမဟုတ် နိဗ္ဗာန်ဟု စကားအရသာသိပြီး တကယ်လက်တွေ့ ကျွန်တော်မသိမြင်နိုင်သော စိတ်အခြေအနေတခုဆီသို့လား။ သီးသန့်နေရာ တစ်ခုဆီသို့လား။
ရောဒ်စတူးဝပ်၏ ရွက်လွင့်ခြင်းကို နားထောင်ရစဉ်ကတော့ ဦးတည်ရာရှိသူ၏ ရွက်လွင့်ခြင်းတခုအပေါ် အားကျပြီး မုဒိတာပွားခဲ့ရဖူးသည်။ ဘုရားသခင်နှင့်နီးရာ ၊ အရှင်သခင်ရှိရာ အရပ်ဆီသို့ သူဦးတည်ပြီး ရွက်လွင့်နေခြင်း ဖြစ်နိုင်သည်။ ဘယ်လောက်အဓိပ္ပါယ်ရှိလိုက်တဲ့ ဘ၀ဖြစ်မလဲ။
ကျွန်တော်ကကော ဘယ်ကိုဦးတည်ပြီး ရွက်လွင့်နေခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ် ကြည့်သောအခါ ကျွန်တော်တော်တော် လန့်သွားသည်။ ဘာကိုဦးတည်မှန်းသာ မသိပေမဲ့ ခရီးကတော့ အတော်ပေါက်ခဲ့လေပြီ။ ကျွန်တော်၏ ရွက်လှေပေါ်မှာလည်း လိုချင်ပြီး သယ်ယူခဲ့သော ပျော်ရွှင်မှုများ ၊ မလိုချင်ပါပဲနှင့် လက်ခံယူခဲ့ရသော အမှားများ၊ လွှင့်ပစ်လို့ရလျှင်
ချက်ချင်း ၊ လွှင့်ပစ်လိုက်ချင်သော နောင်တများ စသည်ဖြင့် ကုန်ပစ္စည်းများလည်း အသင့်အတင့်
စုံခဲ့ပြီ။
ကျွန်တော်ဘယ်ကိုရောက်မှာလဲဆိုတာသိချင်လာပြီ။ မုန်တိုင်းကြောင့် သို့မဟုတ်
ကျွန်တော်၏ ပဲ့ကိုင်ထိန်းချုပ်ခြင်း အတတ်ညံ့ဖျင်းမှုကြောင့် လှေကလေး နစ်သွားလေမလားဟု
လည်း စိုးရိမ်ပူပန်လှပြီ။ ဘယ်သူကမှ အာမခံပေးလို့ မရသည့် ဟောသည် သမုဒ္ဒရာ ပြင်ကျယ်ကြီးထဲမှာ မင်းရဲ့လှေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး ဟူသော ဖျောင်းဖျ နှစ်သိမ့်အားပေးမှုကို
လည်း တစ်ဘက်က ကြားချင်နေပြန်ပြီ။
ကိုယ်တောင် ဘယ်အချိန်နစ်မလဲဟု မသိနိုင်သည့်ခရီးမှာ သူများလှေတွေ နစ်လုမတတ်ဖြစ်တာ နစ်သွားတာကို သူရဲကောင်းဆန်ဆန် ကယ်တင်နိုင်လေမလားဟုလည်း ကိုယ့်ကိုယ်ကို ဘ၀င်မြင့်ခဲ့မိပြီးပြီ။ ကိုယ့်လှေ ခိုင်ခံ့အောင် ၊ လုံခြုံအောင် ပြုပြင်တည်ဆောက်မည့် အစား အပေါ်ယံဆေးခြယ်မှုကို ပိုပြီးဦးစားပေးခဲ့မိသည့် ကာလကလည်း တော်တော်ရှည်ကြာခဲ့ပြီ။
ရှေ့ဆက်ပြီး ကျွန်တော်၏လှေ ခိုင်ခံ့ဖို့သာ ကြိုးစားရတော့မည်။ အချိန်တော့ နောက်မကျသေးဘူးဟု မျှော်လင့်ရပါသည်။
ကျွန်တော်၏လှေထဲမှာ သယ်ယူခဲ့သည့် ပျောရွှင်ခြင်းဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလို့ မရတော့သည့် တစ်ခါသုံးပစ္စည်းတွေ ၊ စွန့်ပစ်အမှိုက်တွေသာဖြစ်တော့စ၏သည်။
လူ့ဘ၀မှာ တကယ်လိုအပ်သည်က ပျှော်ရွှင်ခြင်းမဟုတ် ၊ သတိသာဖြစ်သည်ဟု ကျွန်တော်တွေးတောစ ပြုလာပြီ။
ကျွန်တော်က ကျွန်တော်လိုအပ်သည့် အရာမှာ ပျှော်ရွှင်မှုဟု ထင်ခဲ့ဖူး၏။ ငွေကြေးဥစ္စာဟာ ထင်ခဲ့ဖူး၏။ အောင်မြင်ကျော်ကြားမှူဟု ထင်ခဲ့ဖူး၏။ အဲဒါတွေကို ရမှဖြစ်မည်ဟု ထင်ကာ မနိုင်မနင်း သယ်ယူခဲ့ပြီးပြီ။ ကျွန်တော်လိုအပ်တာ ဒါမဟုတ်ဘူးဟု သိသလို အလိုရှိလာချိန်မှာ
ဒါတွေကို လွှင့်ပစ်ဖို့လဲမဖြစ်နိုင် ၊ အဲသည်အရာတွေနှင့် ကျွန်တော်က တော်တော်ကြီး ပေါင်းစပ်ငြိတွယ်နေခဲ့ပြီးပြီ မဟုတ်လား။ လှေကလေး ပေါ့အောင် ကိုယ်ထိန်းသိမ်းတိုင်း လိုရာရောက်အောင်က အဲ့ဒါတွေကို ပစ်ချခဲ့မှ ရမည်ထင်ပါရဲ့။
အခုတော့ ကျွန်တော်ရွက်လည်းလွင့်နေဆဲ။ လေးလံသော အပို ပစ္စည်းများကိုလည်း လွှင့်ပစ်ဖို့ ကြံတွယ်ရင်း တွယ်ဖက်နေဆဲ။ လှေကလေးခိုင်ခံ့ဖို့ ပြုပြင်တည်ဆောက်မှရမည်ဟူသော အသိတရားကလေး ရေးရေးပေါ်လာပြန်တော့ အလုပ်စတင်ဖို့ တွန့်ဆုတ်နေဆဲ။
အဲ့သည်လိုနှင့် သည်လှေ၏ သက်တမ်းက လှေတစ်စင်း၏ ယေဘုယျ သက်တမ်း ထက်ဝက်ပင် ကျော်ခဲ့ပြီ။ ရှေ့မှာ ခရီးကမိုင်ပေါင်းများစွာ ရေပြင်ကြီး ဘာကမ်းဘယ်သောင်မှ မမြင်ရသေးသည့် ရေပြင်ကျယ်ကြီး၊ သည်လှေနှင့် သည်ခရီး မျှတပါရဲ့လား ကျွန်တော်မသိ။
ကျွန်တော်ဘာမှ မသိပါ။
(ရန်ကုန်ရွက်လှေအသင်း စိန်ရတုမဂ္ဂဇင်း၊ ၁၉၉၉ ဧပြီ)
( စာရေးဆရာမ-ဂျူး)

суббота, 30 августа 2008 г.
Подписаться на:
Комментарии (Atom)